Friday, April 22, 2022

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

 

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။

အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။

  • ဆီပူလောင်တာ
  • ရေနွေးပူလောင်တာ
  • မီးပူကပ်မိတာ
  • ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ
  • ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ
  • လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် ဖြစ်တာ
  • ပေါက်တူးပေါက်ရတာကြောင့် အရည်ကြည်ဖုထတာ
  • ပိုးဝင်ကူးစက်တာကြောင့် အရည်ကြည်ဖုထတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးရမယ့် အိမ်တွင်းကုထုံးလေးတွေကို အတူတူ ကြည့်လိုက်ရအောင်လား။

ရှားစောင်းလက်ပပ်

ရှာစောင်းလက်ပပ် ဂျယ်လီသားကို ကြေအောင်မွှေထားတာ ဒါမှမဟုတ် ခပ်ပါးပါး အလွှာလေး ဖြစ်အောင် လှီးလိုက်ပါ။ ပြီးရင် သေချာ သန့်စင်ထားတဲ့ အရည်ကြည်ဖုလေးပေါ်မှာ ကပ်ပေးပါ။ ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် အရည်ကြည်ဖုလေးတွေက အထိအခိုက် မဖြစ်ဘဲ သက်သာသွားမှာပါ။

Petroleum jelly

petroleum jelly ကလည်း အရည်ကြည်ဖုတွေကို သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတစ်ခုပါ။ အရည်ကြည်ဖုလေးတွေပေါ်ကို petroleum jelly ခပ်ပါးပါးလေး လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အသားအရေကို ကျန်းမာစေသလို အရည်ကြည်ဖုလေးတွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ဆတူရော ဂွမ်းစသန့်သန့်လေးနဲ့ တို့ပြီး အရည်ကြည်ဖုလေးပေါ်မှာ ကပ်ပေးထားရုံပါ။ အချိန်အကြာကြီး မထားမိဖို့တော့ လိုပါမယ်။

ပန်းသီးရှာလကာရည်က ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အုန်းဆီ

သဘာဝ အုန်းဆီ စစ်စစ်လေးက အရေပြားပေါ်က အရည်ကြည်ဖုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့ အရည်ကြည်ဖုလေးတွေကို အုန်းဆီလေး ခပ်ပါးပါး လိမ်းပေးထားရုံပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၄ ကြိမ်လောက်အထိ လိမ်းပေးလို့ ရပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးကတော့ လူသုံးများတဲ့ အရည်ကြည်ဖု အိမ်တွင်းကုထုံး တစ်ရပ်ပါ။ အရည်ကြည်ဖုလေးတွေပေါ်မှာ သွားတိုက်ဆေးလေး ခပ်ပါးပါး လိမ်းပေးရမှာပါ။ ခြောက်သွားအောင် ထားလို့လည်း ရပါတယ်။

ရေနွေးကြမ်း

လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို အအေးခံပြီး အဝကျယ်ကျယ် ဇလုံထဲကို ထည့်ပါ။ ပြီးရင် အရည်ကြည်ဖု ဖြစ်နေတဲ့ နေရာလေးကို ရေနွေးကြမ်းထဲ စိမ်ထားပေးရမှာပါ။ ၁၅ မိနစ်ကနေ မိနစ် ၂၀လောက် စိမ်ထားပေးပါ။

ဒီလို စိမ်ထားတာက အရည်ကြည်ဖုကို သက်သာစေနိုင်သလို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

Diaper Rash Cream

Diaper Rash Cream က ဇင့်အောက်ဆိုဒ်ပါတာကြောင့် ဘေဘီလေးတွေ သေးခံလောင်တာကို သက်သာစေနိုင်သလို အရေပြားပေါ်က အရည်ကြည်ဖုတွေကို သက်သာအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ အရည်ကြည်ဖုလေးတွေပေါ်မှာ ခပ်ပါးပါးလေး ပုံမှန် လိမ်းပေးရုံပါ။

တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိ အသုံးပြုပေးလို့ ရပါတယ်။

အရေပြားပေါ်က အရည်ကြည်ဖုလေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့တော့။ အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး ပိုးဝင်ကူးစက်မှု မရှိအောင် ကာကွယ်ပြီး အမြန်ဆုံး သက်သာအောင် လုပ်ဆောင်လိုက်စို့နော်။


No comments:

Post a Comment

Back To Top
f="https://unpkg.com/video.js/dist/video-js.css" rel="stylesheet">